လ - ဒီဇင်ဘာ 2017

ခရစ်စမတ်မှာ အိမ်ပြန်မည်

မိတ်ဆွေများက မြေပုံပေါ်၌ သူတို့ရှာမတွေ့သည့် နေရာတစ်ခုကို ရှာပေးရန် ကျွန်တော့် ကို တာဝန်ပေးသဖြင့် တစ်နှစ်သော ခရစ်စမတ်အချိန်တွင် ကျွန်တော် ပင်လယ်နက် ဒေသသို့ ရောက်နေသည်။ ထိုနေရာကိုရှာသည့်အလုပ်ခွင်ဆိုက်ထဲမှ နွမ်းလျပင်ပန်း စွာဖြင့် တည်းခိုခန်းသို့ ပြန်လာသည်။ အေးစိမ့်သည့် လေအေးဒဏ်ကို ကာကွယ်ရန် အင်္ကျီကို ဆွဲစေ့ရင်း ကျွန်တော့်အိမ်ကို လွမ်းဆွတ်မိသည်။

ကျွန်တော့်အခန်းတံခါးကို ဖွင့်လိုက်ရာ အံ့သြဖွယ်ရာ  အခိုက်အတန့်လေးကို ခံစားလိုက်ရသည်။ အနုပညာ ဆန်သည့် ကျွန်တော့်အခန်းဖော်က သူ၏နောက်ဆုံးပေါ် လက်ရာ ၁၉ လက်မ အရွယ်ရှိ ကြွေဖြင့်ပြုလုပ်ထားသော ခရစ်စမတ်သစ်ပင်လေးကို ဆင်ပြီးသွားပြီဖြစ်၍ မှောင်နေ သောအခန်းမှာ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော သစ်ပင်မှ အလင်းရောင်များဖြင့် ထိန်လင်းနေတော့သည်။ ထိုတဒင်္ဂလေး၌ ကျွန်တော် အိမ်သို့ပြန်ရောက်သွားသည်။

ယာကုပ်သည် အစ်ကိုဖြစ်သူ ဧသောထံမှ ထွက်ပြေး တိမ်းရှောင်စဉ် သူသည် အထီးကျန်ဆန်ပြီး ထူးဆန်းသောနေရာသို့…

တိတ်ဆိတ်မှုကို ဖြိုခွင်းခြင်း

ဓမ္မဟောင်းကျမ်းအဆုံးတွင် ဘုရားသခင်သည် ရှောင်ပုန်းနေသယောင် ထင်ရသည်။ ဂျူးလူမျိုးများသည် ၄ ရာစု ခန့်မျှ စောင့်စားရင်း သို့လော သို့လော တွေဝေခဲ့ကြသည်။ ဘုရားသခင်သည် မလှုပ်မရှား၊ ဂရုမပြု၊ ဆုတောင်းသံများကို မကြားဟု ထင်ရသည်။ ရှေးကထားခဲ့သော မေရှိယကြွလာမည့် ကတိတော်တစ်ခုသာ မျှော်လင့်ချက်အဖြစ် ရှိနေသည်။ ဂျူးလူမျိုးများသည် ထိုကတိတော်ကို ပုံအောမျှော်လင့်ခဲ့ကြသည်။ ထိုနောက် မေ့မရနိုင်သော အဖြစ်အပျက် တစ်ခု ဖြစ်ပျက်ခဲ့သည်။ သူငယ်တစ်ဦး မွေးဖွားသန့်စင်လာ သည်။

ရှင်လုကာခရစ်ဝင်ကျမ်းမှ လူတို့၏တုံ့ပြန်မှုကို ဖတ်ရုံဖြင့် စိတ်လှုပ်ရှားခံစားမှုကို မြင်နိုင်သိနိုင်ပါသည်။ သူငယ်တော်ယေရှု မွေးဖွားခြင်းနှင့် ဆက်စပ်ဖြစ်ပေါ်သည့် အဖြစ်အပျက်များက ပျော်ရွှင်ဖွယ် ဂီတပဒေသာဇာတ်လမ်း နှင့်ပင်တူနေသည်။  ထိုဇာတ်လမ်း၏ဇာတ်ကောင်များမှာ ဆံပင်ဖြူနှင့် အဘိုးရှုမောင်(လု ၁း၅-၂၅)၊ အံ့သြမှင်သက် နေသည့်အပျိုစင် (း၂၆-၃၈)၊ အသက်ကြီးရင့်နေပြီဖြစ်သော ပရောဖက်မအန္န(၂း၃၆)တို့ဖြစ်သည်။ မယ်တော်မာရိကိုယ်တိုင်ပင် လှပသောချီးမွမ်းသီချင်းတစ်ပုဒ် ဆိုခဲ့ သည် (၁း၄၆-၅၅)။ မမွေးဖွားသေးသည့်…

တိုင်းတာ၍ မရသော

လွန်ခဲ့သောနှစ်အနည်းငယ်က ချီကာဂိုမြို့ရှိ ယူနီယံဘူတာ လူအုပ်ကြားထဲတွင် ကျွန်တော့်မိတ်ဆွေတစ်ဦးသည် သူ၏သားငယ်လေးနှင့်မျက်ခြေပြတ်ပြီး ကလေးပျောက် သွားသည်။ အလွန်ထိတ်လန့်ဖွယ် အတွေ့အကြုံပင်ဖြစ်ကြောင်း ပြောစရာပင် မလို။ ထိပ်ပြာမှုဖြင့် သားငယ်လေး၏နာမည်ကို အော်ခေါ်ရင်း စက်လှေကားဆီ ပြန်သွားပြီး နောက်ကြောင်းပြန် ခြေရာကောက်ကာ သားလေးကို တွေ့ရန်  အစွမ်းကုန် ကြိုးစားရှာဖွေခဲ့သည်။ ထိုအချိန် မိနစ်အနည်းငယ်လေးသည် နာရီနှင့်အမျှ ကြာမြင့်သကဲ့သို့ ထင်ရသည်။ ထိုစဉ် သားငယ်လေးက ရုတ်တရက် လူအုပ်ကြားထဲမှ ဘွားကနဲပေါ်လာပြီး သူ့ထံ တစ်ဟုန်ထိုး ပြေးလာကာ သူ့ရင်ခွင်ထဲ တိုးဝင်ခိုလှုံခဲ့သည်။

ကျွန်တော့်မိတ်ဆွေသည် သားငယ်လေး ပြန်တွေ့ အောင် သူဘာမဆိုလုပ်မည်ကိုတွေးရင်း ကျွန်တော်တို့ကိုကယ်တင်ရန် ဘုရားရှင်ပြုခဲ့ သော အံ့ဖွယ်ရာအမှုအတွက် ကိုယ်တော်အား ကျေးဇူးတင်မိသည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သော အာဒံနှင့်ဧ၀တို့ကို အပြစ်နွံထဲ၌ ဆုံးရှုံးခဲ့ ရချိန်ကတည်းက  လူသားများနှင့်ဆက်ဆံရေးမိတ်သဟာယကို  ဆုံးရှုံးခဲ့ရသောကြောင့် ဘုရားသခင် ၀မ်းနည်းပူဆွေးခဲ့ရသည်။ ပျောက်သောသူများကို…

ထာဝရမျှော်လင့်ရာ

အမေဆုံးပြီး နှစ်လအကြာ၊ ခရစ်စမတ်မတိုင်ခင် တစ်ပတ်အလိုတွင် လုပ်ဆောင်ရမည့် အလုပ်စာရင်း၌ အားလပ်ရက်ဈေးဝယ်ထွက်ရန်နှင့် အိမ်အလှဆင်ရန်တို့ကို ကျွန်မ နောက်ဆုံး၌ ထားလိုက်သည်။ ယုံကြည်ခြင်းနှင့်ပြည့်ဝသည့် မိသားစု၏ရှေ့ဆောင်လမ်းပြ မိခင်ကြီးကို ဆုံးရှုံးလိုက်ရ၍ ကြေကွဲပူဆွေးနေသဖြင့်  ခင်ပွန်းသည်၏နှစ်သိမ့်အားပေးမှုကို ကျွန်မ မခံယူနိုင်ခဲ့ပါ။ သားလေး Xavier က အိမ်နံရံထက်တွင် ခရစ်စမတ်မီးသီးများ ချိတ်ဆွဲနေစဉ် ကျွန်မက တိတ်တဆိတ်   ပူဆွေးနေသည်။ သို့နှင့် သားအဖနှစ်ဦးသား စကားတစ်ခွန်းမျှ မပြောဘဲ မီးခလုတ်ကိုဖွင့်ပေးခဲ့ပြီး နှစ်ယောက်စလုံး အလုပ် သွားတော့သည်။

မှိတ်တုတ်မှိတ်တုတ် ရောင်စုံမီးသီးများထွန်းလင်း ချိန်တွင် ဘုရားရှင်သည် အမှောင်ကျနေသည့်အသက်တာ ထဲမှကျွန်မကို ဆွဲထုတ်ခဲ့သည်။ အခြေအနေများသည် မည်မျှပင် နာကျင်နေရပါစေ ဘုရားသခင်၏ မပြောင်းလဲသော သဘောသဘာဝကို အစဉ်ဖော်ပြနေသော ဘုရားသခင်၏ သမ္မာတရားအလင်းတွင် ကျွန်မ၏မျှော်လင့်ခြင်းများသည် လုံခြုံနေပါသည်။

ထိုနေ့မနက်က ဘုရားသခင်သတိပေးသည့်အချက်ကို ဆာ ၁၄၆ မှ အတည်ပြု…

နူးညံ့သိမ်မွေ့ခြင်း

ဘ၀အသက်တာ၏အခက်အခဲပြဿနာများသည် ကျွန်ုပ်တို့ကို ခက်ထန်စေ၊ စိတ်ပျက်စေသော်ငြားလည်း၊ ထိုဆိုးရွားသောအပြုအမူများကို အခွင့်မပေးသင့်ပါ။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့ချစ်ရသောသူများ၏ စိတ်နှလုံးကို ညှိုးနွမ်းစေနိုင်သလို ပတ်ဝန်းကျင်ရှိ  လူများကိုလည်း စိတ်ဆင်းရဲစေသောကြောင့် ဖြစ်သည်။ မိမိကိုယ်တိုင် ကောင်းမွန် တင့်တယ်စွာ မနေနိုင်သေးသ၍၊ မနှစ်မြို့ဖွယ် ဖြစ်နေသ၍ အခြားသူများအပေါ် ကျွန်ုပ်တို့ တာဝန်မကျေပွန်နိုင်ပေ။

ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိသည့် မနှစ်မြို့ဖွယ် မတင့်တယ်သောအမူအကျင့်ကို ပြုပြင်ပေးမည့် ပါရမီ တစ်ပါးမှာ နူးညံ့သိမ်မွေ့ခြင်း ဖြစ်သည်။ ၎င်းသည် ကြင်နာမှုနှင့် ကျေးဇူးပြုသောစိတ်ထားကို ရည်ညွှန်းသည်။ ဧဖက် ၄း၂ တွင် ‘‘အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း’’ ရှိရန် ကျွန်ုပ်တို့ကို သတိပေးသည်။

နူးညံ့သိမ်မွေ့ခြင်း ဆိုသည်မှာ မိမိ၏ဒေါသနှင့်ပြဿနာများကို သူတစ်ပါးအပေါ် ပုံမချဘဲ အားနည်းချက်၊ ချို့ယွင်းချက်များကို လိုလားစွာ လက်ခံခြင်းဖြစ်သည်။ အသေးငယ်ဆုံးသော ၀န်ဆောင်မှုအတွက် ကျေးဇူးတင်ကြောင်းကိုပြပြီး ကောင်းစွာ ၀န်ဆောင်မှုမပေးသူများကိုလည်း…